A: “အမိုး(Roof)များဆက်နေပါက အဆောက်အဉီးနှစ်ခုလုံး၏ အတိုင်းအတာ (အလျား/ အနံ/ အမြင့်)အား ပေါင်းရေးပေး ရပါမည်။”
A: “စီးပွားဖြစ် သိုလှောင်သည့် စပါး၊ ဆန်အတွက်သာ/မှတ်ပုံတင်ရမည့် သိုလှောင်ရုံဖြစ်ပါသည်။ ဘေးထွက်/စွန့်ပစ်ပစ္စည်း သိုလှောင်ရုံ အဆောက်အဉီးများအတွက် ထည့်သွင်းမှတ်ပုံတင်ရန် မလိုပါ။”
A: “ဆန်နှင့် စပါးကို သတ်မှတ်ပမာဏ သိုလှောင်ပါက မှတ်ပုံတင်ရန်လိုပါသည်။ သို့သော် သိုလှောင်ရုံ ပိုင်ရှင်သာလျှင် မှတ်ပုံတင်ပေးရမည် ဖြစ်ပါသည်။”
A: (၁) “စက်မှုဇုန်အတွင်းတည်ရှိပါက စက်မှုဇုန်တာဝန်ရှိသူ၏ ထောက်ခံစာ(သို့) သိုလှောင်ရုံ တည်ရှိရာ ရပ်ကွက်၏ သိုလှောင်ရုံနေရာ တည်ရှိကြောင်း ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှုး ရုံး၏ထောက်ခံစာ (သို့) သိုလှောင်ရုံအတိုင်းအတာနှင့် အမျိုးအစား မှန်ကန်ကြောင်းအား လိုင်စင်ရ အင်ဂျင်နီယာ (သို့) မြို့နယ်စားသုံးသူဉီးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူ၏ ထောက်ခံ စာ(သို့) တိုင်း/ပြည်နယ်ဒေသအတွင်းရှိ မြို့နယ်ဆန်စက်အသင်း၏ ကွင်းဆင်းတိုင်းတာ စစ်ဆေးမှု မှတ်တမ်း စသည့်တို့ထဲမှ တစ်မျိုးမျိုး နှင့် (၂) မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ လိပ်မူထားသောသိုလှောင်ရုံ သတင်း အချက် အလက် များ မှန်ကန်ကြောင်း လူပုဂိ္ဂုလ်(သို့)ကုမ္ပဏီ၏ ဝန်ခံကတိပြုစာ စသည့် စာ (၂)မျိုး လိုအပ်ပါသည်။”
A: “မိမိတို့ သိုလှောင်ရုံ၏ သိုလှောင်ထားသော ဆန်စပါးသိုလှောင်ထားမှု အခြေအနေ ရည်ညွှန်း ခြင်းဖြစ်ပြီး သိုလှောင်ထားမှုအခြေအနေကို လတစ်လ ကုန်ဆုံးပြီးတိုင်း ထိုကုန်ဆုံးသွားသော လ၏ ကုန်ထုတ်/ကုန်ရ/ကုန်လက်ကျန် ကို မှတ်တမ်းတင်ဖော်ပြရန် လိုအပ်ပါသည်။”
A: “သိုလှောင်ရုံပိုင်ရှင်မှ မှတ်ပုံတင်ပေးရပါမည်။ သိုလေှာင်ရုံအတွင်း ဆန်စပါးသိုလေှာင်ထားမှု အခြေအနေအား ပိုင်ရှင် (သို့မဟုတ်) သိုလေှာင်ရုံမန်နေဂျာ/ တာဝန်ခံမှ ဖြည့်သွင်း မှတ်တမ်း တင်သွားရမည် ဖြစ်ပါသည်။”
A: “မိမိအကောင့်ထဲမှ My Billing ကို နေရာသို့ သွား၍ ငွေပေးချေခြင်း ပြန်လည် ဆောင်ရွက်နိုင်ပါသည်။”
A: “သိုလှောင်ရုံတည်နေရာမှ မှတ်ပုံတင်မည်ဆိုလျှင် မိမိတို့ ဖုန်း၏ GPS ဖွင့်ကာ Get Current Location နှိပ်၍ဖော်ပြခြင်း (သို့) သိုလှောင်ရုံပြင်ပနေရာမှ မှတ်ပုံတင်မည်ဆိုလျှင် Google Map ဖွင့်ပြီး မိမိတို့သိုလှောင်ရုံလိပ်စာအားရိုက်ထည့်၍ပေါ်လာသည့် လတ္တီကျု့ / လောင်ဂျီကျု့နံပတ်အား ကူးယူကာ copy/paste ဖြင့် ရှာထည့်လို့ရပါသည်။”
A:
MyRo Website အတွင်းရှိ Visitor-သိုလှောင်ရုံမှတ်ပုံတင်ခြင်းကဏ္ဍ ရှိ ပိုမိုကြည့်ရှုရန် အား နှိပ်ကာ "Silo သိုလှောင်ရုံ မှတ်ပုံတင်မှုလျှောက်ထားခြင်း Form ရယူခြင်း" pdf ဖိုင်အား Download လုပ်ကာ ဖြည့်စွက်ပြီး MyRo ရုံးသို့ တိုက်ရိုက်အကြောင်းကြားကာ
မှတ်ပုံတင်ရန်လိုအပ်ပါသည်။”
A:
“MyRo Website အတွင်းရှိ
Visitor-သိုလှောင်ရုံမှတ်ပုံတင်ခြင်း-ပိုမိုကြည့်ရှုရန်-သိုလှောင်ရုံ အတိုင်းအတာစျေးနှုန်းစာရွက်ရှိ Form နမူနာအား ယူကာ
ပမာဏသတ်မှတ်ထားမှု အခြေအနေအား
ကြည့်ရှုနိုင်ပါသည်။”
A:
“MyRo Website အတွင်းရှိ
အချက်အလက်များ မှန်ကန်ကြောင်း ဝန်ခံကတိပြုစာ attach တွဲရမည့် အောက်ဘက်တွင် Form
နမူနာ (လူပုဂိ္ဂုလ်/ Company) Form တင်ထားပေးပါသည်။ မိမိ လျှောက်မည့် သက်ဆိုင်ရာ အမျိုးအစားအလိုက်ပေါ်မူတည်ပြီး ဖော်ပြပေးထားသည့် Form နမူနာ အတိုင်း ရေးပေးရမှာဖြစ်ပါတယ်"
A:
“သိုလှောင်ရုံအခြေအနေများအား
ပိုင်ရှင် ရော သိုလှောင်ရုံမန်နေဂျာရော နှစ်ဉီးအနက်မှ တစ်ဉီးဉီး
မှတ်တမ်းတင်နိုင်စေရန်အတွက် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်၊ ထိုကြောင့် Login ဝင်သည့် ဖုန်းနံပါတ်နှင့် Manager
၏ ဖုန်းနံပါတ်မှာ တူညီ၍ မရပါ။”
A:
“မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ
အားလုံးဖြည့်စွက်ပြီးသည့်အခါတွင် မိမိတို့ဖြည့်ထားသော အချက်အလက်များ Certificate တွင် မှန်/မမှန် Preview ကို နှိပ်ကာ ကြိုတင်ကြည့်ရှုနိုင်ပါသည်။
A:
“မှတ်ပုံတင်ခြင်း
လုပ်ငန်းစဉ်များ အားလုံးဆောင်ရွက်ပြီးသည့်အခါ MyRo Admin Team မှ ရုံးချိန်အတွင်း
ဖြည့်စွက်ထားသော အချက်အလက်များ မှန်/မမှန် စိစစ်ပြီး သင် လျှောက်ထားမှု
အောင်မြင်/မအောင်မြင် အကြောင်းကြားပေးမှာဖြစ်ပါတယ်၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်
အောင်မြင် သည်ဆိုလျှင် ငွေပေးချေမှုအပိုင်းအား ဆက်လက်ဆောင်ရွက်နိုင်ပြီး MyRo
Admin Team မှ ထပ်မံစိစစ် အတည်ပြုပြီးလျှင် Certificate အား ရရှိနိုင်မှာ ဖြစ်ပါတယ်။ Certificate ရရှိသည့်အခါတွင်
အသိအမှတ်ပြုလက်မှတ်များ ကဏ္ဍတွင် မိမိရရှိသည့် Certificate အား
ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။”
A:
“အလျား/အနံ/အမြင့်
ဖော်ပြရာတွင် ဒသမ ဖြင့်ဖြည့်စွက်ခြင်း ဆောင်ရွက်လို့မရနိုင်ပါ၊ ဂဏန်းအပြည့်ဖြင့်သာ
အနီးစပ်ဆုံးယူ၍ ဖော်ပြရမှာ ဖြစ်ပါသည်။”
"သိုလှောင်ရုံလုပ်ငန်းစဉ် ကဏ္ဍတွင် လတစ်လကုန်ဆုံးပြီးတိုင်း ကုန်ဆုံးသွားသောလ၏ ကုန်ရ/ထုတ်/လက်ကျန် စာရင်းအား ထည့်သွင်းရန် လိုအပ်ပါသည်။ စာရင်းထည့်သွင်းထားမှု မရှိပါက ပထမအပတ် တွင် တကြိမ်၊ ဒူတိယအပတ်တွင် တကြိမ်၊ တတိယအပတ်တွင် တကြိမ် MyRO Team ဘက်မှ လူကြီးမင်းတို့ စာရင်းထည့်သွင်းရန် အကြောင်းကြားနှိုးဆော်မှာဖြစ်ပြီး ထိုအကြောင်းကြားသည့် (၃)ကြိမ်လုံးပြီးဆုံးသည့်တိုင်အောင် စာရင်းထည့်သွင်းထားမှုမရှိပါက လူကြီးမင်း၏ အကောင့်အား ပယ်ဖျက် ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။"
"ကုန်ရ/ထုတ်/လက်ကျန်ထည့်သွင်းသည့်အခါတွင် မိမိတို့ထည့်သွင်းသောလ၏ ကုန်လက်ကျန်သည် နောက်တစ်လအတွက် စာရင်းထည့်သွင်းမည့်အခါတိုင်း ထပ်မံထည့်သွင်းမည့် လများ၏ ကုန်ရ ထဲတွင် ယခင်လလက်ကျန်ကိုပါ ပေါင်းထည့်ခြင်းနှင့် အသစ်ဝင်သည့် ကုန်ရ နှင့်အတူ စာရင်းပေါင်းကာ ထည့်သွင်းရန် လိုအပ်ပါသည်။ ထည့်သွင်းသောလ၏ ကုန်လက်ကျန် မရှိသည့်အခါမှသာ ထပ်မံထည့်သွင်းမည့် လအတွက် ကုန်ရ စာရင်းအသစ်ကိုသာ ထည့်သွင်းဖော်ပြပေးရမှာ ဖြစ်ပါသည်။"
"သင်၏လျှောက်ထားမှုတွင် (၁) အချက်အလက်များ မမှန်ကန်ခြင်း၊ (၂) ပိုင်ရှင် နှင့် သိုလှောင်ရုံမှူး နှစ်ဦးလုံး၏ အချက်အလက်များ မပါဝင်ခြင်း၊ (၃) သိုလှောင်ရုံတည်ရှိကြောင်းထောက်ခံစာ တွင် ပါရှိသော အလျား/အနံ/အမြင့်/တည်နေရာ နှင့် ဖြည့်သွင်းထားသော အချက်အလက်များ မကိုက်ညီခြင်း၊ (၄) အချက်အလက်မှန်ကန်ကြောင်း ဝန်ခံကတိပြုစာ သည် သတ်မှတ်ချက်အတိုင်း မဟုတ်ခြင်း၊ (၅)ဖြည့်သွင်းရမည့် အချက်များနှင့် ပူးတွဲ attach တင်ပေးရမည့် ဓာတ်ပုံများ မပါရှိခြင်း တို့ စီစစ်တွေ့ရှိလျှင် သင်၏လျှောက်ထားမှုအား ငြင်းပယ်ပါသည်။"